ရည်ရွယ်ချက်

SHN_002
SHN_003
previous arrowprevious arrow
next arrownext arrow
Shadow

“လူထုအသံ သျှမ်းသံတော်ဆင့်အသံ” ဆိုသည့် ဆောင်ပုဒ်အတိုင်း လူထုလူတန်းစားအလွှာစုံ အင်အားဖြင့် ပါ၀င်ကူညီ တည်ဆောက်သွားမည့် သျှမ်းသံတော်ဆင့် သတင်းတိုက် (ရုံး) တွင် တိကျမှန်ကန်သည့် သတင်း အချက်အလက်များ လူထုထံ အချိန်မီ ပြန်ကြားနိုင်ရေးအတွက် ခေတ်မှီ သတင်းခန်း၊ သင်တန်းခန်း၊ တွေ့ဆုံဆွေးနွေးခန်း၊ စတူဒီယိုခန်း၊ သတင်း အချက် အလက်စုဆောင်းရေးစင်တာ၊ လူထုပြန်ကြားရေး စင်တာ၊ မီဒီယာလုပ်ငန်း စိတ်၀င်စားသူများအတွက် သတင်းမီဒီယာသင်တန်းကျောင်းအဖြစ် တည်ဆောက် ထူထောင်သွားမည်။
သျှမ်းသံတော်ဆင့်မှ နှစ်ရှည်လများ စုဆောင်းထားသည့် ရံပုံငွေ ကျပ်သိန်း ၅၀၀ ဖြင့်တောင်ကြီးမြို့ ကွန်ပြူတာ တက္ကသိုလ်အနီး နောင်လေကျေးရွာအုပ်စု၀င်၊ ဒုံမူးရောင်ရွာ၊ တောင်ကြီး – ဟိုပုံးလမ်း (၆ မိုင်) တွင် အလျား ၂၀၀ ပေ ၊ အနံ ၇၀ ပေ မြေတစ်ကွက်၀ယ်ယူထားပြီးဖြစ်သည်။
အဆိုပါမြေကွက်တွင် ကျပ်သိန်းပေါင်းလေးထောင်( ကျပ်သိန်း ၄၀၀၀ ခန့်) ကုန်ကျမည့် အလျား ၆၀ ပေ၊ အနံ ၄၀ ပေရှိ သျှမ်းသံတော်ဆင့်ရုံးခန်းကို လူထုလူတန်းစားအလွှာစုံ ပါ၀င်မှုဖြင့် တည်ဆောက်သွားမည်ဟုစီစဉ်ထားရာ သုံးထပ်တိုက် ဗိသုကာ တိုက်ပုံစံ အား ဆောက်လုပ်ရေးလုပ်ငန်း လုပ်ငန်းရှင် နန်းလင်းဟွမ် နှင့် ကျွမ်းကျင်ပညာရှင် Mr. Richard Morris တို့မှ စေတနာဖြင့် ရေးဆွဲပေးထားသည်။