သျှမ်းသံတော်ဆင်ႉ

သျှမ်းသံတော်ဆင်ႉသတင်းဌာနသည် လွတ်လပ်သောသတင်းဌာနအဖြစ် ၂၇ နှစ် ကျော် ရပ်တည်လာသည့် သက်တမ်းတွင် အသက်အန္တရာယ်အထိ စိန်ခေါ်မှုများကြုံတွေ့ရ သော်လည်း လူထုအတွက် မှန်ကန်သည့် သတင်းအချက်အလက်များအား နည်းမျိုးစုံဖြင့် မရပ်မနား ရေးသားဖော်ပြလာခဲ့သည်။
“လူထုအသံ သျှမ်းသံတော်ဆင့်အသံ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ချမှတ်ဖော်ဆောင်လာသည့် အတွက် ဖတ်ရှုအားပေးသည့်ပရိသတ် အင်အား တစ်လ ၁.၅ သန်းကျော် ရှိသည်။
လူထုထံ သတင်းမှန်ရောက်ရှိဖို့ သျှမ်းသံတော်ဆင့်မှ ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် ဘာသာဖြင့်အွန် လိုင်းနေ့စဉ်သတင်း၊ ရုပ်သံသတင်း၊ လစဉ်ထုတ်မဂ္ဂဇင်း၊ ၂၄ နာရီ ထုတ်လွှင့်နေသည့် အွန်လိုင်းရေဒီယို စသည့်လုပ်ငန်းစဉ်များ ပုံမှန်လည်ပတ် နေပါသည်။
ယခုကဲ့သို့ လုပ်ဆောင်နေရခြင်းမှာ လူထုတစ်ရပ်လုံးတန်းတူ အခွင့်အရေးရရှိစေရေး၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာရေး၊ လူနေမှုအဆင့် အတန်း မြှင့်တင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရေး တို့ဖြစ်သည်။
လက်ရှိ သျှမ်းသံတော်ဆင့်သည် ရှမ်းပြည်နယ်မြို့ တော် တောင်ကြီးမြို့တွင် ပြောင်းလဲအခြေချကာ ၂၀၁၃ ခု မှစ၍ နိုင်ငံတော်အစိုးရထံ မှတ်ပုံတင်ပြီး မီဒီယာလုပ်ငန်းများတရား၀င် လုပ်ကိုင်လာခဲ့သည်။
သို့သော် ငှားရမ်းထားသည့် ရုံးခန်းမှာ ကျဉ်းကျပ်သဖြင့် မီဒီယာလုပ်ငန်းများလည်ပတ်ရေး၊ သတင်းလုပ်ငန်းမြှင့်တင်နိုင်ရေး၊ ရုံးခန်းငှားရမ်းခမြင့်မားရေး၊ အိမ်ရှင် အိမ်ငှား သဘောတူညီချက် ကန်သတ်ချုပ်ချယ်ထားသည့်အတွက် အခက်ခဲ ပေါင်းများစွာ ရင်ဆိုင်နေရပါသည်။
ဒီ့အတွက် Multi-Media အဆင့်တက်လှမ်းနေသည့် သျှမ်းသံတော်ဆင့်သတင်းဌာနအတွက် သတင်းခန်း၊ သင်တန်းခန်း၊ ရုပ်သံရိုက်ကူးရေး စတူဒီယိုအခန်း၊ ရှမ်းပြည်နယ်ဆိုင်ရာ အချက်အလက် စုဆောင်းရေးစင်တာ၊ လူထုသတင်းပြန်ကြားရေးစင်တာအတွက် သျှမ်းသံတော်ဆင့်ရုံးတည်ဆောက်ဖို့ ပြင်ဆင်လာရခြင်း ဖြစ်ပါသည်။