သျှမ်းသံတော်ဆင့် သတင်းတိုက်တည်ဆောက်ဖို့ အတွက် ၂၀၁၉ မတ်လ ၃ ရက်နေ့က “ အုတ်တစ် ချပ်ကူပါ” မိတ်ဆုံညစာစားပွဲတရပ်ကို သျှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ညစာစားပွဲမှာ သျှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ကိုယ်တိုင်ကြွရောက်အားပေးခဲ့ပြီး ငွေကြေးပါဝင် ထောက်ပံ့ကူညီပေးခဲ့ပါတယ်။
“အုတ်တစ်ချပ်ကူပါ ” ညစာစားပွဲကို ဒေသခံ စီးပွါးရေးလုပ်ငန်းရှင်တွေ၊ ဟိုတယ်ပိုင်ရှင်တွေ၊ စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေ၊ လူမှုအခြေပြုအသင်းအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ တောင်ကြီးမြို့ တက္ကသိုလ် များ သျှမ်းစာပေယဉ်ကျေးမှုအသင်းမှ ကျောင်းသားလူငယ်တွေဖြစ်တဲ့ စေတနာရှင် မိဘပြည်သူ ၆၀ ခန့်တက်ရောက်ခဲ့ပါတယ်။
သျှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း ကတော့ ညစာစားပွဲကို မတက် ရောက်နိုင်ခဲ့ပေမယ့် ရုံးဆောက်ဖို့ ရံပုံငွေ ကူညီထောက်ပံႉပေးတဲ့အပြင် မြေနေရာအတွက် တရား ၀င်စာရွက်စာတမ်းထွက်ရှိနိုင်ရေး ညွှန်ကြားစီစဉ်ပေးခဲ့ပါတယ်။
အဲဒီညစာစားပွဲအပြီး နောက်တရက် မတ်လ ၄ ရက်နေ့မှာတော့ သျှမ်းသံတော်ဆင့်အဖွဲ့သားတွေက တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်းကို တောင်ကြီးမြို့ လွယ်လုံပရဟိတကျောင်းမှာ တွေ့ ဆုံရာမှာ ဆရာတော်က ငွေကျပ် ၁၀ သိန်း ထောက်ပံ့ခဲ့ပါတယ်။
ဒါကြောင့် လောလော ဆယ် သျှမ်းသံတော်ဆင့်သတင်းတိုက်ဆောက်လုပ်ရေးအတွက် လက်ထဲမှာ ငွေကျပ် သိန်း ၁၅၀ ကျော် လက်ခံရရှိထားပါတယ်။